MBU
Take the complexity out of customs Freight Solutionswith customs brokerage services
ဆန်စပါးသည် မြန်မာနိုင်ငံတော်၏ အဓိက စိုက်ပျိုးရေးထွက်ကုန်များအနက် အရေးပါဆုံးထွက်ကုန်တစ်ခု ဖြစ်ပါသည်။ မြန်မာဆန်ကို အဓိကအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထုတ်လုပ်ကြပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက် ဆန်စပါးအမျိုးအစားများကို စိုက်ပျိုးကြပါသည်။
မြေဩဇာကောင်းမွန်သော မြေများ၊ ရေအရင်းမြစ်များနှင့် သင့်လျော်သော ရာသီဉတုအခြေအနေများကြောင့် မြန်မာဆန်တွင် သဘာဝအရသာ၊ အနံ့အရသာကောင်းမွန်မှုနှင့် ဆန်အမျိုးအစား စုံလင်မှုတို့ ရှိပါသည်။
ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် အရည်အသွေးကောင်းမွန်သော စပါးများကို ယုံကြည်စိတ်ချရသော စိုက်ပျိုးထုတ်လုပ် သူများနှင့် ဒေသများမှ စနစ်တကျ ရွေးချယ်ဝယ်ယူပြီးနောက် စပါးရွေးချယ်ခြင်း၊ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ အရည်အသွေး စစ်ခြင်းနှင့် အဆင့်ခွဲခြားခြင်းများကို စနစ်တကျဆောင်ရွက်၍ သန့်ရှင်းပြီး အရည်အသွေးမြင့်မားသော ဆန်များကို ထုတ်လုပ်ပေးလျက်ရှိပါသည်။
ကျွန်တော်တို့၏ ထုတ်လုပ်မှုအဆင့်တိုင်းတွင် အရည်အသွေး၊ သန့်ရှင်းမှုနှင့် တစ်ပြေးညီဖြစ်မှုတို့ကို အလေးထား ကာ စားသုံးသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာဆန် များသည် ပြည်တွင်းစားသုံးမှုအတွက်သာမက နိုင်ငံတကာစျေးကွက်များအတွက်လည်း သင့်လျော်သော အရည်အသွေး မြင့် စိုက်ပျိုးရေးထွက်ကုန်တစ်ခု ဖြစ်ပါသည်။